welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Sunday, February 19, 2012

chelsea 1 - 1birmingham

အိမ်ကွင်းတွင် ဘာမင်ဂမ် စီးတီးကို အနိုင် မကစားနိုင်သည့် အပြင် နောက်မှလိုက်၍ သရေကျအောင် ကစား ခဲ့ရသည့် အတွက် အသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်အတွက် ဖိအားများ ပိုမို တိုးပွားလာပြီ ဖြစ်သည်။

ချယ်လ်ဆီးသည် ဖာနန်ဒို တောရက်စ်ကို ရှေ့တင်ကာ ဒန်နီရယ်လ် စတားရစ်ဂ်ျ၊ ဂျူအန်မာတာတို့က တိုက်စစ်ကို ၀န်းရံ ပံ့ပိုး ကစားခဲ့သည်။ ကွင်းလယ်တွင် ဂျွန်အိုဘီ မီခေးလ်၊ ရောလ်မီရာလက်စ်နှင့် ရာမီရက်စ်တို့ ပါဝင်လာခဲ့ပြီး ဒေးဗစ်လူးဝစ်ဇ်၊ ဂယ်ရီကာဟေးလ်အစရှိသည့် ကစားသမားများဖြင့် အိမ်ကွင်းတွင် ချန်ပီယံရှစ် ပြိုင်ပွဲဝင် ကလပ် အသင်းကို ဧည့်ခံခဲ့သည်။ ဘာမင်ဂမ်ကမူ အဒမ်ရွန်နီ၊ မော်ဂါရို ဂိုမစ်၊ ဂျော်ဒန်မတ်ခ်ျ၊ ကိသ်ဖာဟီ၊ စတီဖင်ကားရ်၊ ပက်ဘလို အိုင်ဘာနက်ဇ် အစရှိသည့် ကစားသမားများဖြင့် ချယ်လ်ဆီးကို တုံ့ပြန်ခဲ့သည်။
ချယ်လ်ဆီး Vs ဘာမင်ဂမ်စီးတီး

ပရီးမီးယားလိဂ်တွင် ကာလ အတန်ကြာ နိုင်ပွဲ ပျောက်နေသည့် ချယ်လ်ဆီးသည် ဘာမင်ဂမ်အပေါ် အသာစီးရရန် ကြိုးစား ကစားခဲ့သည်။ ဘာမင်ဂမ်ကမူ တန်ပြန် တိုက်စစ်ကို ချောင်းကစားကာ စတမ်းဖို့ဒ် ဘရစ်ဂ်ျတွင် ချယ်လ်ဆီးထံမှ အနိုင် ရလဒ်ကို ခိုးယူရန် ကြိုးစားခဲ့သည်။ ပွဲချိန် (၁၀)မိနစ် ကျော်ကျော်တွင် စတားရစ်ဂ်ျ ပေးပို့သော ဘောလုံးကို မာတာ ပိတ်သွင်းရန် အားထုတ်မှု မအောင်မြင်ခဲ့ချေ။ ပွဲအရှိန် ရလာချိန်တွင် ဘာမင်ဂမ်ကပင် ချယ်လ်ဆီးဘက်သို့ ဖိအားပေးလာနိုင်သည်မှာ အံ့ဩစရာ အခြေအနေ ဖြစ်ပြီး ချယ်လ်ဆီး ကစားသမားများ အနေဖြင့် ပွဲအပေါ် အာရုံစိုက်မှု အားနည်းနေသည့် အခြေအနေမျိုး ပေါ်လွင်နေသည်။ ပွဲချိန် (၂၁)မိနစ်တွင်မူ မတ်ခ်ျ ကန်တင်ပေးသော ထောင့်ကန်ဘောကို ဒေးဗစ်မာဖီက သွင်းယူပြီး ဧည့်သည်အသင်းက ပွဲကို ဦးဆောင်သည်။ သို့သော် (၂)မိနစ် အကြာတွင် ချယ်လ်ဆီးတို့ ပင်နယ်တီ ပြန်ရခဲ့သည်။ ရာမီရက်စ်ကို ဘာမင်ဂမ် နောက်တန်းက ခပ်ကြမ်းကြမ်း ဖျက်ထုတ်မှုကြောင့် ချယ်လ်ဆီးတို့ ပင်နယ်တီ ကန်ခွင့် ရသော်လည်း မာတာ၏ ကန်ချက်ကို ဂိုးသမား ကောလင်းဒွိုင်လီ ပုတ်ထုတ်ရာ တိုင်ထိပြီး ထွက်သွားသဖြင့် ချယ်လ်ဆီးတို့ နစ်နာခဲ့သည်။

ချယ်လ်ဆီး၏ အထောင်တိုက်စစ် နေရာတွင် ကစားနေသည့် တောရက်စ် ခြေစွမ်းမပြနိုင်ခြင်းမှာလည်း အိမ်ရှင်အတွက် ပြဿနာတစ်ရပ် ဖြစ်စေခဲ့သည်။ (၃၃)မိနစ်တွင် လူးဝစ်ဇ်၏ ပြစ်ဒဏ်ဘောကို ဘာမင်ဂမ် ဂိုးသမား ဒွိုင်လီ ကာကွယ်ခဲ့ပြန်သည်။ တောရက်စ် ခေါင်းတိုက်ချက်ဖြင့် ဖန်တီးပေးသော ဘောလုံးကိုလည်း စတားရစ်ဂ်ျက အပိုင် အသုံးမချနိုင်သဖြင့် ချယ်လ်ဆီးတို့ ဂိုးရရန် ကြိုးစားမှုများ အရာမထင် ဖြစ်နေခဲ့ရသည်။ ပထမပိုင်း ပြီးခါနီးတွင် မာတာ၏ အားထုတ်မှုကို ဒွိုင်လီ ထပ်မံ ကာကွယ် ခဲ့ပြီးနောက် ဧည့်သည်အသင်းက ပထမပိုင်း အပြီးတွင် (၁)ဂိုး အသာဖြင့် ဦးဆောင်ခွင့် ရခဲ့သည်။

ချယ်လ်ဆီးတို့ ပင်နယ်တီ ကန်ခွင့်ရသော်လည်း မာတာ၏ ကန်ချက်ကို ဂိုးသမား ကောလင်းဒွိုင်လီ ပုတ်ထုတ်ရာ တိုင်ထိပြီး ထွက်သွားသဖြင့် ချယ်လ်ဆီးတို့ နစ်နာခဲ့...
ဒုတိယပိုင်းတွင် ချယ်လ်ဆီးသည် တောရက်စ် နေရာတွင် အာဖရိက ဖလားပြန် တိုက်စစ်မှူး ဒီဒီရာ ဒရော့ဂ်ဘာကို ထည့်သွင်းကာ ဘာမင်ဂမ်အား အင်အားသုံး ထိုးဖောက်ရန် ကြိုးပမ်းလာသည်။ ဘာမင်ဂမ်သည် ခံစစ်ကို လုံအောင်ထိန်းရင်း တန်ပြန် တိုက်စစ်ကို အားပြုခဲ့ရာ (၅၅)မိနစ်တွင် နသန်ရက်ဒ်မွန်း ဂိုးသွင်းခွင့်တစ်ကြိမ် ဖြုန်းတီးခဲ့သဖြင့် ချယ်လ်ဆီးတို့ သက်သာရာ ရခဲ့သည်။ (၅၉)မိနစ်တွင် ချယ်လ်ဆီး တောင်ပံလူ မာတာ ကန်ခွင့်ရသော်လည်း ဂိုးဝင်အောင် မစွမ်းဆောင်နိုင်ခဲ့ပြန်ချေ။ (၆၂)မိနစ်တွင်မူ ချယ်လ်ဆီးတို့ ချေပဂိုး ပြန်လည် ရရှိသွားသည်။ နောက်ခံလူ ဘလာနီဆလက်ဗ် အိုင်ဗန်နိုဗစ်၏ ဖြတ်တင်ဘောကို စတားရစ်ဂ်ျက အမှားအယွင်းမရှိ သွင်းယူခဲ့ခြင်းဖြစ်သည်။ ချေပဂိုး ရပြီးနောက် ချယ်လ်ဆီးသည် အိမ်ကွင်း အရှိန်ဖြင့် တိုက်စစ်ကို ပိုမို မြှင့်တင်ခဲ့သော်လည်း ဒရော့ဂ်ဘာ၊ အိုင်ဗန်နိုဗစ်တို့၏ အားထုတ်မှုများ အရာမထင်ဘဲ ဖြစ်နေခဲ့သည်။ ပွဲပြီးခါနီး နောက်ဆုံး မိနစ်ပိုင်းတွင် ရက်ဒ်မွန်က ပီတာဆက်ခ်ျနှင့် ထိပ်တိုက် အတွေ့တွင် အပိုင်ကန်ခွင့် ရသော်လည်း အားပျော့သဖြင့် အနိုင်ဂိုးကို လက်လွှတ်ခဲ့ရပြီး တစ်ဖက် တစ်ဂိုးစီ သရေဖြင့်သာ ပွဲသိမ်း ခဲ့ရသည်။

ယခုပွဲ ရလဒ်ကြောင့် ချယ်လ်ဆီး အနေဖြင့် နောက်တစ်ကျော့ ပြန်ကစားရမည် ဖြစ်ပြီး ပွဲစဉ်အနေအထား ကျပ်တည်းမှုများကို ရင်ဆိုင် လာရဖွယ် ရှိနေသည်။

No comments:

Post a Comment