welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Thursday, February 23, 2012

first-11.com

e4475
မောင်သက်နိုင်အောင်ဇေယျနှင့် သရုပ်ဆောင် တေးသံရှင် သဇင်တို့အား သတို့သား၊ သတို့သမီးအရန်များနှင့် တွေ့ရစဉ်
မောင်သက်နိုင်အောင်ဇေယျနှင့် သရုပ်ဆောင် တေးသံရှင်သဇင်တို့၏ မင်္ဂလာဧည့်ခံပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် Ball room ၌ ပြုလုပ်ခဲ့ရာ နှစ်ဖက်သော မိဘဆွေမျိုး အသိုင်းအ၀န်းများ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် မီဒီယာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မင်္ဂလာ အခမ်းအနားမှူး အဖြစ် ဦးကျော်စိုးဦး ကဆောင်ရွက်ပေးခဲ့ပြီး မင်္ဂလာသတို့သား သတို့သမီး အရန်များအဖြစ် နှစ်ဖက်သော ဆွေမျိုးများက ပါဝင် ဆောင်ရွက်ပေးခဲ့ကြသည်။ မင်္ဂလာ ပန်းကြဲသူများအဖြစ် သရုပ်ဆောင် မော်ဒယ်လ် သဉ္ဇာနွယ်ဝင်းနှင့် အိန္ဒြာကျော်ဇင်၏ တူမဖြစ်သူတို့က ပါဝင် ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် မင်္ဂလာ အောင်စံပယ်ပန်းကုံးနှင့် လက်စွပ်ဗန်းတို့ကို သရုပ်ဆောင်မော်ဒယ်လ် အေရီရယ်သုတနှင့် နန္ဒာကျော်ဇောတို့ က ကိုင်ဆောင်ပေးခဲ့သည်။
မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာ နှင့် အညီ လက်ထပ်ထိမ်းမြားပေးခဲ့ပြီး နောက် မင်္ဂလာ သတို့သား သတို့သမီး က ဧည့်သည်များကို လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ဖျော်ဖြေရေး အစီအစဉ်အဖြစ် အဆိုတော် နွဲ့ယဉ်ဝင်း၊ ဟေမာနေ၀င်း၊ ကော်နီ၊ ရေဗက္ကာဝင်း စသည့် အနုပညာရှင်များက ဖျော်ဖြေပေးခဲ့သည်

No comments:

Post a Comment