နာပိုလီနှင့်ပွဲတွင် တယ်ရီကိုအသုံးပြုရန် ဘိုအာစ့်စီစဉ်
နာပိုလီနှင့် ကစားမည့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်တွင် ဂျွန်တယ်ရီနှင့် ပတ်သက်၍ စွန့်စားသော ဆုံးဖြတ်ချက် တစ်ခုကို ချယ်လ်ဆီး အသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ် အနေဖြင့် ချမှတ်လာဖွယ် ရှိနေသည်။
ချယ်လ်ဆီး အသင်း ခေါင်းဆောင်သည် ကြံ့ခိုင်မှုပိုင်း အကောင်းဆုံး အနေအထား ရရှိရန် မသေချာ သေးသော်လည်း ပေါ်တူဂီသား မန်နေဂျာက နာပိုလီနှင့် ပွဲစဉ်တွင် ထည့်သွင်း အသုံးပြုရန် စဉ်းစားနေကြောင်း သိရသည်။ အကယ်၍ ချန်ပီယံလိဂ်တွင် အီတလီကလပ် အသင်းအား အရေးနိမ့် ထွက်ခွာရပါက ဘိုအာ့စ်၏ ချယ်လ်ဆီး မန်နေဂျာ ဘ၀သည် နိဋ္ဌိတံရန် သေချာသလောက် ရှိသွားပြီဟု ခန့်မှန်းနိုင်သည်။ ထိုအနေအထားကြောင့် အားထားရသော နောက်ခံလူ တယ်ရီကို စတမ်းဖို့ဒ်ဘရစ်ဂ်ျ ပွဲစဉ်တွင် ထည့်သွင်း အသုံးပြုရန် ဘိုအာ့စ်က စဉ်းစားနေခြင်းဖြစ်သည်။

အင်္ဂါနေ့တွင် ကစားမည့် ပွဲစဉ်သည် ဘိုအာ့စ်၏ မန်နေဂျာ သက်တမ်းကို တည်မြဲရန်၊ သို့မဟုတ် ဖျက်သိမ်းရန် အဓိက စီရင်ချက် ချမည့် ပွဲလည်း ဖြစ်လာနိုင်သည်။ ဘိုအာ့စ်၏ အသင်းသည် FA ဖလား ပဉ္စမ အဆင့်တွင် ချန်ပီယံရှစ် ပြိုင်ပွဲဝင် ဘာမင်ဂမ် စီးတီးအား အိမ်ကွင်း၌ (၁)ဂိုးစီ သရေ ကျခဲ့ပြီးနောက် ၎င်းအပေါ် ဖိအားများသည် အမြင့်ဆုံး အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ဘိုအာ့စ်က “ကျွန်တော်တို့ဟာ တယ်ရီနဲ့ အတူ ကြိုးစားပြီး ဒီပွဲမှာ သူပါဝင်နိုင်ဖို့ စီစဉ်နေပါတယ်။ သူ့ရဲ့ အသင်းမှာ အရေးပါမှုဟာ လေးစားစရာပါ။ ကစားသမား အတွက် နောက်ကျပြီး ကြံ့ခိုင်မှု စစ်ဆေးတာမျိုး လုပ်ပါမယ်။ သူ့အတွက် အခွင့်အရေး ရှိသမျှ လမ်းဖွင့် ပေးထားမှာပါ” ဟု ပြောကြားခဲ့သည်။
ကျွန်တော်တို့ဟာ တယ်ရီနဲ့ အတူ ကြိုးစားပြီး ဒီပွဲမှာ သူပါဝင်နိုင်ဖို့ စီစဉ်နေပါတယ်။ သူ့ရဲ့ အသင်းမှာ အရေးပါမှုဟာ လေးစားစရာပါ။ ကစားသမား အတွက် နောက်ကျပြီး ကြံ့ခိုင်မှု စစ်ဆေးတာမျိုး လုပ်ပါမယ်။ သူ့အတွက် အခွင့်အရေး ရှိသမျှ လမ်းဖွင့် ပေးထားမှာပါ...
နာပိုလီ အသင်းနှင့် ယင်းအသင်းတွင် ကစားနေပြီး ချယ်လ်ဆီး၏ ပစ်မှတ် ကစားသမား တစ်ဦးဖြစ်သည့် ဥရုဂွေး လက်ရွေးစင် အီဒင်ဆန် ကာဗာနီတို့နှင့် ပတ်သက်ပြီးမူ ဘိုအာ့စ်က “သူဟာ တကယ့်ကို အံ့ဩစရာ ကစားသမားမျိုးပါ။ ဒါပေမဲ့ မျှမျှတတ ပြောရရင် နာပိုလီရဲ့ အင်အားဟာ စုစည်းမှု စိတ်ဓာတ်ပေါ်မှာ အဓိက အခြေခံတယ်။ ကာဗာနီ အပြင် မာရက်ခ်ဟမ်ဆစ်ခ်နဲ့ အက်ဇ်ကွီရယ်လ် လာဗက်ဇီတို့ရဲ့ (၃)ယောက်ပေါင်း တိုက်စစ်ဟာ တကယ့်ကို အန္တရာယ် တစ်ခုပါပဲ။ ဒါဟာ ကွဲပြား ခြားနားတဲ့ ပြင်ဆင်မှု တစ်ခု၊ ကွဲပြားခြားနားတဲ့ ဘောလုံး ကစားဟန် တစ်ခုဖြစ်ပြီး ကျွန်တော်တို့ အတွက် ခက်ခဲပါလိမ့်မယ်” ဟု မှတ်ချက်ပြု ပြောဆိုသွားသည်။

ဘာမင်ဂမ်စီးတီးနှင့် ပွဲတွင် တွေ့ရသော တယ်ရီ

No comments:
Post a Comment