welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Sunday, February 19, 2012

soccermyanmar

သတ္တမမြောက် ဖလားမဲ့ ရာသီကို ဖြတ်သန်းရန် သေချာသလောက် ရှိလာသည့်နောက် အာဆင်နယ် အသင်းသည် အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်ရန် အတွက် အာစင်ဝင်းဂါးကို ငွေကြေး အလုံးအရင်း ထောက်ပံ့ သွားမည်ဟု သိရသည်။

FA ဖလားတွင် ဆန်းဒါးလန်းကို အရေး နိမ့်ခဲ့ပြီးနောက် အာဆင်နယ်သည် နွေရာသီတွင် အသင်းမှ ပိုလျှံ ကစားသမားများကို ရှင်းထုတ်၍ ကမ္ဘာ့အဆင့် ကစားသမားများကို ပြန်လည် ခေါ်ယူရန် စီစဉ်နေပြီး အသင်းအား ပြန်လည် တည်ဆောက်ရန် အပြောင်းအရွှေ့ အသုံးစရိတ် ပေါင်စတာလင် (၅၅)သန်းထိ အသုံး ပြုသွားမည်ဟု သိရသည်။ အာဆင်နယ်၏ အဓိက ရှယ်ယာပိုင်ရင် စတန်ခရွန်ကီနှင့် အသင်းဘုတ် အဖွဲ့သည် ရလဒ်များ ယိမ်းယိုင် နေသော်လည်း အသင်း မန်နေဂျာ အာစင်ဝင်းဂါး အပေါ် ရာခိုင်နှုန်းပြည့် အားပေး ထောက်ခံနေဆဲ ဖြစ်သည်။
ဆန်းဒါးလန်းအား အရေးနိမ့်ခဲ့သည့် အာဆင်နယ်

အာဆင်နယ်သည် ချန်ပီယံလိဂ်တွင် အေစီမီလန်အား (၄-၀)ဖြင့် အရေး နိမ့်ထားပြီးနောက် အိမ်ကွင်းတွင် တစ်ကျော့ ပြန်ကစားရန် အခွင့်အရေး ရှိနေသည့်တိုင် နောက်တစ်ဆင့် တက်ရေး မျှော်လင့်ချက်သည် အလွန်မှေးမှိန် အားနည်းသွားပြီ ဖြစ်သည်။ အာဆင်နယ်သည် ယခင်နှစ်များကလည်း ဖလားလက်မဲ့ ကာလများကို ဖြတ်သန်း ခဲ့ရဖူးသော်လည်း ယခုရာသီတွင် ၀င်းဂါး၏ ရာထူးနေရာ အတွက် ပထမဆုံး အကြိမ် အကြီးအကျယ် မေးခွန်းထုတ်ခြင်း ခံလာရသည်။

အသင်းမှ ပိုလျှံ ကစားသမားများကို ရှင်းထုတ်၍ ကမ္ဘာ့အဆင့် ကစားသမားများကို ပြန်လည် ခေါ်ယူရန် စီစဉ်နေပြီး အသင်းအား ပြန်လည် တည်ဆောက်ရန် အပြောင်းအရွှေ့ အသုံးစရိတ် ပေါင်စတာလင် (၅၅)သန်းထိ အသုံး ပြုသွားမည်...
ဝင်းဂါး ကိုယ်တိုင်ကမူ ၎င်း၏ အာဆင်နယ် မန်နေဂျာ ရာထူးသည် တည်မြဲနေမည်ဟု အာမခံထားပြီး လတ်တလောတွင် အမှတ်ပေး ဇယား ထိပ်ဆုံး(၄)သင်း ၀င်ရေးကို အဓိက ဦးတည် ကြိုးစားမည်ဟု ပြောကြားထားသည်။ ၎င်းက “လူတွေက ဒီမေးခွန်း တစ်ခုတည်းကိုပဲ ဦးတည်ပြီး မေးနေကြတာပါ။ လောလောဆယ် ကျွန်တော်တို့ အတွက် အဓိက မျှော်လင့်ချက် ပန်းတိုင်ဟာ ထိပ်ဆုံး(၄)သင်းမှာ ပါဝင်ဖို့ပဲ။ ဒါဟာ အသင်းအတွက် သိပ်အရေးပါတယ်လို့ ကျွန်တော် ထင်တယ်လေ။ ဒီတော့ အဲဒီ အတွက်ပဲ အာရုံ စိုက်ကြပါစို့လား” ဟု ပြောဆို သွားခဲ့သည်။

No comments:

Post a Comment