welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Thursday, February 16, 2012

popularmyanmar

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ကချင်ပြည်နယ်ရှိ အကူအညီလိုအပ်နေသူ တိုင်းရင်းသူ လူမျိုးဘာသာမရွေးအား ကူညီထောက်ပံ့ရေး ရန်ပုံငွေပွဲအဖြစ် ပြုလုပ်မည့် မနောအလှဂီတည တေးဂီတ ပွဲတော်တွင် လီဆူးတိုင်းရင်းသူဖြစ်သော ခင်လေးနွယ် ပါဝင်သီဆိုမည်ဖြစ်ကြောင်း သိရသည်။ ဒီရန်ပုံငွေ ဖျော်ဖြေပွဲဟာ တခြား ဖျော်ဖြေပွဲတွေနဲ့ မတူဘဲ ကိုယ့်ကချင်   ပြည်နယ်ထဲက အကူအညီ လိုအပ်နေတဲ့ လူတွေကို ထောက်ပံ့ပေးမှာ ဖြစ်တဲ့ပွဲအပေါ် ခင်လေးနွယ်က ”ခင်လေးက ရန်ပုံငွေပွဲ တော်တော်များများ ပါဝင်ဖြစ်ပါတယ်။ အခုက ကချင်ပြည်နယ်က လူတွေအတွက်ပေါ့။ အဲ့ဒီမှာ လူမျိုးတွေလည်း အများကြီးပါ။ ကိုယ်တတ်နိုင်တဲ့ဘက်က ကိုယ့်အနုပညာနဲ့ ဖျော်ဖြေခွင့်ရတာ ကျေနပ်ပါတယ်။ ကချင်လူမျိုးတွေချည်းပဲ စုပြီးလုပ်တဲ့ပွဲဆိုတော့ သူတို့လေးတွေအတွက်လည်း အားတစ်ခု ဖြစ်မယ်ထင်ပါတယ်” ဟု ၄င်းက ပြောသည်။ ၄င်းအပြင် ရန်ပုံငွေပွဲမှရသည့်   ငွေကြေးများကို ကချင်ပြည် နယ်တွင် သွားရောက်လှူဒါန်းသည့်အခါ အခြေအနေပေးပါက ကိုယ်တိုင်ကိုယ်ကျလိုက်သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
လက်ရှိတွင် သီချင်းဆိုခြင်းအတွက် အာရုံစိုက်နေပြီး အတွဲခွေများ အတွက် သီချင်းများစီစဉ်နေကြောင်း သိရသည်။

No comments:

Post a Comment