welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Thursday, February 16, 2012

eleven media group

AddThis Social Bookmark Button
ဗိုလ်ချုပ်အောင်ဆန်း၏ ၉၇ နှစ်ပြည့်မွေးနေ့နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်ပြည့် မွေးနေ့ကို ရည်ရွယ်၍ အမ်ပီပီရဲမြင့်၏ မင်္ဂလာပါ ၉၇+၆၇ တစ်ကိုယ်တော်ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

အဆိုပါပန်းချီပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပန်းချီကား ၆၁ ကားနှင့်အတူ ဆရာတော် ဦးဥတ္တမ၊ ဦးသန့်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဂျာနယ်ကျော်မမလေး၊ ဒဂုန်တာရာ၊ ဆရာ အောင်သင်းအစရှိသည့် စာရေးဆရာများ၊ ဆရာဦးခင်မောင်ရင်၊ ဦးနန်းဝေ၊ ဦးဝင်းဖေ၊ ဗဂျီအောင်စိုး အစရှိသည့် ပန်းချီဆရာများ၏ ပုံတူပန်းချီကား ၃၉ကား စုစုပေါင်း ပန်းချီကားပေါင်း ၁၀၀ကို ပြသထားကြောင်းသိရသည်။

''တစ်ကိုယ်တော် ပြပွဲလုပ်တာ လေးကြိမ်မြောက်ရှိသွားပါပြီ။ ဒီပန်းချီပြပွဲက ဗိုလ်ချုပ်ရဲ့ ၉၇နှစ်ပြည့်မွေးနေ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇နှစ် မွေးနေ့တွေကို အမှတ်တရရည်ရွယ်ပြီး ပြုလုပ်တာပါ။ စာရေးဆရာ၊ ပန်းချီဆရာတွေရဲ့ ပုံတူတွေကတော့ သူတို့ ဖန်တီးခဲ့တဲ့ အနုပညာကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ရေးဆွဲထားတာပါ။ ကျန်တဲ့သူတွေလည်း ကျန်နေပါသေးတယ်''ဟု ပန်းချီ အမ်ပီပီရဲမြင့်က ပြောပြခဲ့ပါသည်။

မင်္ဂလာပါ ၉၇+၆၇ ပန်းချီပြပွဲတွင် ပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်းပန်းချီကားများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီကား ၆၁ ကားထဲမှ ရောင်းရငွေ ၅၀ ရာခိုင်နှုန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လှူဒါန်းသွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။ ပြပွဲတွင်ပြသထားသည့် ပန်းချီဆရာ၊ စာရေးဆရာများ၏ ပုံတူပန်းချီကားများကိုမူ ပန်းချီပြပွဲ နောက်ဆုံးနေ့တွင် သက်ဆိုင်ရာ မိသားစုများသို့ အမှတ်တရ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း

No comments:

Post a Comment