welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Tuesday, February 28, 2012

first-11.com


e7221
ယခုနှစ် သင်္ကြန်အကြို တေးစီးရီးထွက်ရှိမှုမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက လျော့နည်းသွားပြီး တေးစီးရီးအချို့သာ မတ်လအတွင်း ထွက်ရှိရန် ပြင်ဆင်မှုများ ရှိနေသည်ဟု သတင်းရရှိသည်။
ယင်းကဲ့သို့ သင်္ကြန်အကြို တေးစီးရီးထွက်ရှိမှု နည်းပါးသွားခြင်းမှာ ကုန်ကျစရိတ်နှင့် ပြန်လည် ရရှိမည့်စရိတ်ကို တွက်ဆကြည့်ပါက ပြန်လည်ရရှိနိုင်မှု နည်းပါးခြင်း၊ ပရိသတ်များ၏ သင်္ကြန်တေးစီးရီးသစ် များအပေါ် စိတ်ပါဝင်စားမှုနည်းပါးခြင်း၊ အချိန်အကန့်အသတ် တစ်ခုဖြင့်သာ ရောင်းခွင့်ရခြင်း စသည်တို့ကြောင့် ဖြစ်သည်ဟု သိရှိရသည်။
“အခုနှစ် သင်္ကြန်စီးရီးတွေ အတွက် ပြင်ဆင်တာ တော်တော်လေးကို နည်းနေပါသေးတယ်။ အရင်ကဒီအချိန်ဆို တိပ်စီဒီတွေ ထွက်ပြီးလို့ ဗီစီဒီတွေတောင် ရိုက်ကြတဲ့အချိန်မျိုးပါ။ အခုနှစ်ကတော့ သင်္ကြန်ခွေ အနည်းစုပဲ ထွက်လာသလို ထပ်ထွက်မယ်ဆိုရင်တောင် အရင်ထွက်ခဲ့တဲ့ ပမာဏလောက်တော့ များမယ်မထင်ဘူး။ ဒီနှစ်ရဲ့ ဈေးကွက်အခြေအနေကို က အေးတယ်လို့ ဆိုရမှာပါ” ဟု သင်္ကြန်တေးစီးရီးများ စီစဉ်ခဲ့သူ ကိုကျော်ဇေယျ(Pro) ကရှင်းပြခဲ့သည်။
ယခုလအတွင်း ဖိုးသောကြာ သင်္ကြန်အပါအ၀င် သင်္ကြန်တေးစီးရီး အနည်းငယ် ထွက်ရှိခဲ့ပြီး မတ်လအတွင်းတွင် တေးသံသွင်းအချို့မှ သင်္ကြန်တေးစီးရီးများ ထွက်ရှိရန် စီစဉ်ထားသည်ဟု သိရှိရသည်။

No comments:

Post a Comment