ချယ်လ်ဆီး အသင်းသည် ရာသီကုန်တွင် CSKA မော်စကို ဂိုးသမား အီဂေါ် အကင်ဖိဗ်ကို ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း သိရှိရသည်။
ရုရှား လက်ရွေးစင် အကင်ဖိဗ်သည် ဥရောပ အဆင့်ရှိ ဂိုးသမားကောင်း တစ်ဦးအဖြစ် သတ်မှတ် ခံထားရပြီး ယခုအခါ ချယ်လ်ဆီးက ၎င်းအား လေ့လာမှုများ ပြုလုပ်လျှက် ရှိသည်။ ချယ်လ်ဆီးသည် ပီတာဆက်ခ်ျ ဦးခေါင်းဒဏ်ရာ ရပြီး အနား ယူနေရစဉ်က အကင်ဖိဗ်ကို ခေါ်ယူရန် ရည်ရွယ်ခဲ့သေးသည်။ ချယ်လ်ဆီးသည် ဆယ်ကျော်သက် ဂိုးသမားလေး သီဘောက် ကော်တိုရစ်ကို စာချုပ် ခေါ်ယူကာ ချယ်လ်ဆီးသည် ပီတာဆက်ခ်ျ ဦးခေါင်းဒဏ်ရာ ရပြီး အနား ယူနေရစဉ်က အကင်ဖိဗ်ကို ခေါ်ယူရန် ရည်ရွယ်ခဲ့သေး... အက်သလက်တီကို မက်ဒရစ်သို့ အငှား ပို့ဆောင်ထားပြီး ရာသီကုန်တွင် အသင်းသို့ ပြန်ရောက်လာမည် ဖြစ်သော်လည်း အကင်ဖိဗ်ကိုပါ စောင့်ကြည့်နေခြင်း ဖြစ်သည်။

ဆက်ခ်ျသည် ဦးခေါင်းပိုင်းတွင် ပြင်းထန်သော ဒဏ်ရာ ရခဲ့သည့် နောက်ပိုင်းတွင် အကောင်းဆုံး လက်စွမ်းမှ တစ်ဆင့်လျော့ကျလာပြီဟု ချယ်လ်ဆီးက ယူဆနေသဖြင့် ၎င်း၏ နေရာကို ထောက်ကန် အားဖြည့်ရန် အသက်(၂၅)နှစ်အရွယ် အကင်ဖိဗ်ကို ပစ်မှတ် ထားနေခြင်းဟု သိရသည်။ အကင်ဖိဗ်ကို မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ဒေးဗစ်ဒီဂီယာအား မ၀ယ်ယူခင်က ချိတ်ဆက်ခဲ့သေးသည်။ ၎င်းသည် ဆိုးရွားသော ဒူးဒဏ်ရာ တစ်ခုကြောင့် အနား ယူခဲ့ရသော်လည်း ယခုအခါ ကြံ့ခိုင်မှု ပြည့်ဝနေပြီး (၂၀၁၂)ခုနှစ်၊ ဥရောပ ဖလား ပြိုင်ပွဲဝင် ရုရှားအသင်း အတွက် ကိုယ်စားပြုခွင့် ရရန် အသင့် ရှိနေသည်။
ချယ်လ်ဆီးသည် ပီတာဆက်ခ်ျ ဦးခေါင်းဒဏ်ရာ ရပြီး အနား ယူနေရစဉ်က အကင်ဖိဗ်ကို ခေါ်ယူရန် ရည်ရွယ်ခဲ့သေး...
အခြားသော သတင်းများ အရ ချယ်လ်ဆီး အသင်း၏ ကင်းထောက်များသည် အသင်း တိုက်စစ်မှူး ရိုမီလူ လူကာကူ၏ ညီဖြစ်သူ ဂျော်ဒန် လူကာကူ၏ ကစားပုံများကို အန်းဒါးလက်ခ်ျ အသင်း၏ လူငယ်ပွဲစဉ် တစ်ခုတွင် သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။ အသက်(၁၇)နှစ်သာ ရှိသေးသည့် နောက်ခံ ကစားသမားကို အာဆင်နယ်ကလည်း ချိတ်ဆက်လျှက် ရှိသည်။

ချယ်လ်ဆီးမှ စိတ်ဝင်စားနေသည့် အကင်ဖိဗ်

No comments:
Post a Comment