ဘော်တန်နောက်ခံလူ ကာဟေးကိုခေါ်ယူရန် နီးစပ်နေပြီဟု ချယ်ဆီးမန်နေဂျာဆို
ချယ်လ်ဆီး အသင်းသည် ဂယ်ရီကာဟေးလ်ကို ပုဂ္ဂိုလ်ရေး ဆိုင်ရာ ညှိနှိုင်းမှုများ ပြုလုပ်ရန် အဆင့်သာ ကျန်တော့ပြီး အပြီးသတ် ခေါ်ယူ နိုင်တော့မည်ဟု အသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က ထုတ်ဖော် ပြောကြားလိုက်သည်။
အသက်(၂၆)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် နောက်ခံလူကို ဘော်လ်တန် အသင်းက ရောင်းချရန် သဘော တူညီ ထားပြီဟု ပေါ်တူဂီသား မန်နေဂျာက ဆိုသည်။ ချယ်လ်ဆီးသည် ကာဟေးလ်အတွက် ပေါင်စတာလင် (၇)သန်းဝန်းကျင် ပြောင်းရွှေ့ကြေး တစ်ရပ် ပေးချေရန် ဘော်လ်တန်နှင့် သဘော တူညီမှု ရရှိခဲ့သည်။ ကာဟေးလ်သည် ယခုနှစ် ဘောလုံးရာသီ အကုန်တွင် ဘော်လ်တန်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။ ယခုအခါ မိမိတို့ အသင်းသည် ကာဟေးလ်နှင့် ပုဂ္ဂိုလ်ရေး ဆိုင်ရာ စာချုပ် အချက်အလက်များ ညှိနှိုင်း ဆွေးနွေး နေပြီဟု ဘိုအာ့စ်က အတည်ပြုခဲ့သည်။

“ကာဟေးလ်ဟာ ဒီရာသီမှာ ဘော်လ်တန် အသင်းနဲ့ အတူ ရုန်းကန် နေရပေမယ့် နည်းစနစ်ပိုင်း အချက်အလက်တွေ အရတော့ သူ့ခြေစွမ်းဟာ ထိပ်တန်း အဆင့်မှာ ရှိနေတယ်လို့ ကျွန်တော် ထင်တယ်။ သူ့ကို အပြီးသတ် ခေါ်ယူဖို့ ကျွန်တော်တို့ ဆက်လုပ် နေမှာပါ။ ကာဟေးလ်ဟာ နိုင်ငံတကာ အဆင့်ထိ ထိုးဖောက်နိုင်တဲ့ ကစားသမား တစ်ယောက် ဖြစ်သလို ဘယ်အသင်းမှာ မဆို ၀င်ကစားနိုင်မယ့် အရည်အသွေးမျိုး ရှိသူပါ” ဟု ဘိုအာ့စ်က ပြောကြားခဲ့သည်။ ကာဟေးလ်သည် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ညှိနှိုင်းမှုများ အပြီးသတ် လုပ်ဆောင်ပြီးပါက ဇန်န၀ါရီလ အစောပိုင်းတွင် စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ ရောက်လာဖွယ် ရှိသည်။
ဘော်လ်တန်အသင်း မန်နေဂျာ အိုဝင်ကွိုင်လီသည် ယင်းအနေအထားတွင် နောက်ခံ ကစားသမားသစ် တစ်ဦးကို ပြန်လည် ခေါ်ယူဖွယ် ရှိနေပြီး နယူးယော့ခ်ရက်ဒ်ဘူးလ်မှ တင်မ်ရီယမ်ကို ပစ်မှတ်ထားဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။
ပေါ်တိုတိုက်စစ်မှူးဟော့ခ် ကိုခေါ်ယူရန်ချယ်ဆီးကြံရွယ်နေ
ချယ်လ်ဆီး အသင်းသည် ပေါ်တို အသင်းမှ တိုက်စစ်မှူး ဟော့ခ်ကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စဉ်းစားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
သိပ္ပံ လူစွမ်းကောင်း လူသန်ကြီး Incredible Hulk နှင့် တင်စားနှိုင်းယှဉ် ခံရသော ဘရာဇီးလ် လက်ရွေးစင် ကစားသမားနှင့် ပြန်လည် ပေါင်းစည်းနိုင်ရန် ချယ်လ်ဆီး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က စိတ်အား ထက်သန်လျက် ရှိသည်။ ဘိုအာ့စ်နှင့် ဟော့ခ်တို့သည် ပေါ်တိုတွင် အတူ လက်တွဲကာ အောင်မြင်မှုများ ပိုင်ဆိုင် ရယူခဲ့ဖူးသည်။ ချယ်လ်ဆီးသည် ပြီးခဲ့သည့် ဆောင်းရာသီ အပြောင်းအရွှေ့ ကာလတွင် ဖာနန်ဒို တောရက်စ်ကို ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၅၀)ဖြင့် ခေါ်ယူခဲ့သလို ကြီးကျယ်သည့် အပြောင်းအရွှေ့မျိုး နောက်တစ်ကြိမ် မှတ်တမ်းတင်ရန် ချိန်ဆ ကြံစည်နေကြောင်း သတင်းများက ဆိုသည်။
ပေါ်တိုသည် ၎င်းတို့၏ တိုက်စစ်မှူး အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၈၄)သန်း သတ်မှတ်ထားရာ ချယ်လ်ဆီးက အဆိုပါ ခေါ်ဈေးအတိုင်း ပေးချေဖွယ် ရှိနေကြောင်း သိရသည်။ လက်ရှိတွင် ချယ်လ်ဆီးသည် တိုက်စစ်မှူး ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။ တောရက်စ်သည် ထင်သလောက် ခြေစွမ်း မပြနိုင်သေးသလို ဒီဒီရာ ဒရော့ဂ်ဘာနှင့် ဆော်လမွန်ကာလူးတို့သည် အာဖရိကဖလား အတွက် ပြန်ကစားမည် ဖြစ်သည်။ နီကိုလက်စ် အနယ်လ်ကာသည် တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာသို့ ပြောင်းရွှေ့တော့မည် ဖြစ်ပြီး ဖလော်ရင့် မာလူဒါသည်လည်း အသင်းပြောင်းရန် ကြံစည်နေသည်။
ချယ်လ်ဆီးသည် ဇန်န၀ါရီတွင် အသင်းကို သွေးသစ်လောင်း အားဖြည့်မှုများ အရှိန်အဟုန်နှင့် လုပ်ဆောင်ဖွယ် ရှိနေပြီး ဘော်လ်တန် နောက်ခံလူ ဂယ်ရီကာဟေးလ်မှာလည်း မကြာမီ ရက်ပိုင်းအတွင်း အသင်းသို့ ရောက်လာဖွယ် ရှိနေကြောင်း သိရှိရသည်။
No comments:
Post a Comment