welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Monday, January 9, 2012

myanmar news(first-11)

AddThis Social Bookmark Button 7153 ၁၉၅၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ၀ီလျံဟိတ်ခ်ျသည် ၎င်း၏နှစ်ရက်တာ သမိုင်းဝင်ခရီးအဖြစ် မြန်မာနိုင်ငံသို့ ဇန်န၀ါရီလ ၅ ရက်နေ့က ရောက်ရှိလာခဲ့ပြီး ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့်နေပြည်တော် နှင့်ရန်ကုန်တို့တွင် ဇန်န၀ါရီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့သည်။
နေပြည်တော်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့်သီး ခြားစီတွေ့ဆုံဆွေးနွေးမှုများနှင့်ပတ် သက်၍ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ခ်ျက “ဒီက အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ခြောက်လအတွင်း ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်ခဲ့တာ အရေးကြီးတယ်ဆိုတာကို ကျွန်တော် အလေးအနက် ပြောကြားခဲ့ပါတယ်။ လာမယ့် ရက်သတ္တပတ်များနဲ့ လများအတွင်း တိုးတက်မှုများ ရှိလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ရိုးရိုးသားသား မျှော်လင့်နေပါတယ်။ ဗြိတိန်အစိုးရအနေ နဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေ ရသူများအားလုံး လွှတ်ပေးတာကို မြင်ချင်တယ် ဆိုတာရယ်၊ ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ အများယုံကြည်လောက်ဖွယ်ရှိ ဖို့ရယ်နဲ့ လူသားချင်းစာနာ ထောက်ပံ့မှု အခွင့်အလမ်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက တစ်ဆင့်အပါအ၀င် တိုင်းရင်းသားဒေသတွေမှာ ခံစားနေရတာတွေ သက်သာတာကို မြင်ချင်တယ်ဆိုတာကို မျှော်လင့်နေကြောင်း ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံ ပြည်သူကြားရှိနေတဲ့ ရင်းနှီးချစ်ကြည်မှုနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြောကြားခဲ့ပါတယ်။ ဗြိတိန်အစိုးရအနေ နဲ့ ဒီနိုင်ငံက ပြည်သူတွေရှာဖွေနေတဲ့ နိုင်ငံရေးလွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေမှာ တိုးတက်မှုတွေ ရေရှည်တည်တံ့စေမယ့် တိုးတက်မှုတွေ ဆက်လက် ပြုလုပ်မှုကို အပြုသဘောဆောင် တုံ့ပြန်ဆောင်ရွက်သွားဖို့ အသင့်ရှိနေတဲ့အကြောင်း ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ခ်ျ က မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်ရန် အများကြီး ကျန်ရှိနေပါသေးကြောင်း၊ ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွှတ်ပေးရေးသည် အရေးကြီးသည်ဟု မိမိတို့မြင်ပါကြောင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ထောင်များ တွင် ရှိနေသေးသည့် နိုင်ငံတစ်နိုင်ငံ ကို လွတ်လပ်ပြီး ဒီမိုကရက်တစ်ဖြစ်သည့် နိုင်ငံတစ်နိုင်ငံဟုဆိုရန် မဖြစ်နိုင်ကြောင်းတို့ကိုလည်း ပြောကြားခဲ့ ပါသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် က “နိုင်ငံရေး အကျဉ်းသားအားလုံး ကို လွှတ်ပေးသင့်ပါတယ်။ နိုင်ငံတွင်း ဖြစ်နေတဲ့ လူမျိုးစုပဋိပက္ခအားလုံး အဆုံးသတ်ရေးအတွက် အားလုံးကြိုးပမ်း သင့်ပါတယ်။ နောက်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို မြင်ချင်ပါတယ်”ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ခ်ျသည် ခရီးစဉ်အတွင်း ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင်အချို့နှင့်လည်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးနေအိမ် တွင် ဇန်န၀ါရီလ ၆ ရက်နေ့ မွန်း လွဲပိုင်းကတွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ခ်ျက မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးရေး၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီရရှိရေး လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း နှင့်ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံနေရသူ အားလုံး လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်းကို ပြောကြားခဲ့ကြောင်း၊ မိမိတို့အဖွဲ့က ဒီမိုကရေစီဖြစ်ထွန်းရေး လုပ်ဆောင်မှုနှင့်အတူ ကချင်အရေးကိစ္စကဲ့သို့ ပြည်တွင်း စစ်ကိစ္စရပ်များကိုလည်း ရပ်ရန် လိုအပ်ကြောင်းနှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွှတ်ပေးရန်လိုအပ်ကြောင်း တို့ကို ပြောကြားခဲ့ကြောင်း အဖွဲ့၏ ပြောရေးဆိုခွင့်ရ ကိုမြတ်သူက ပြောကြားခဲ့သည်။

No comments:

Post a Comment