welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Sunday, January 8, 2012

FA cup (soccermyanmar)

မဲခွဲမှုများ အရ မန်ချက်စတာ ယူနိုက်တက် အသင်းသည် FA ဖလား စတုတ္ထ အဆင့်တွင် လီဗာပူးလ် အသင်း၏ အန်းဖီးလ် ကွင်းသို့ သွားရောက် ကစားရမည် ဖြစ်သည်။

ပွဲစဉ် ရေးဆွဲမှုများ အတည်ပြု ထွက်ပေါ် လာပြီးနောက် လူမျိုးရေး ခွဲခြားမှု ပြဿနာကြောင့် ကျောင်းတော်က ရန်စ ရှိနေသည့် အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံ နေခြင်းလည်း ဖြစ်သည်။ ဇန်န၀ါရီလ (၂၈)နှင့် (၂၉)ရက်နေ့ များတွင် ကစားရမည့် FA ဖလား ပွဲစဉ်များတွင် ပက်ထရစ် အီဗရာ၏ အန်းဖီးလ်သို့ ခြေချမှုသည် ထိပ်သီးနှစ်သင်း တွေ့ဆုံမှုကဲ့သို့ စိတ်ဝင်စားစရာ အနေအထားမျိုး ဖြစ်လာနိုင်သည်။ အီဗရာ၏ လူမျိုးရေး ခွဲခြားကြောင်း စွပ်စွဲ ပြောဆိုမှုကြောင့် လီဗာပူးလ် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်မှာ (၈)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရခြင်း အတွက် အန်းဖီးလ် ပရိသတ်သည် အီဗရာကို အဓိက ပစ်မှတ်ထား မုန်းတီးလျက် ရှိသည်။
ဆွာရက်ဇ် vs အီဗရာ

ပရီးမီးယားလိဂ် အသင်းများ အနက် ၀က်စ်ဘရွန်းဝစ်ခ်ျနှင့် နောဝှစ်ခ်ျ၊ ဖူလ်ဟမ်နှင့် အဲဗာတန်တို့ အပြန်အလှန် တွေ့ဆုံနေသလို အာဆင်နယ်နှင့် လိဒ်စ် ယူနိုက်တက်တို့ အနက် အနိုင်ရသော အသင်းက အက်စ်တန် ဗီလာအား အိမ်ကွင်းတွင် လက်ခံ ကစားရမည် ဖြစ်သည်။ တော့တင်ဟမ် ဟော့စပါးမှာ ၀တ်ဖို့ဒ်သို့ အဝေးကွင်း ပွဲစဉ်အဖြစ် သွားရောက် ယှဉ်ပြိုင်ရပြီး ဆန်းဒါးလန်းမှာ အိမ်ကွင်းတွင် မစ်ဒယ်ဘရော့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ချယ်လ်ဆီးမှာမူ MK ဒွန်စ်နှင့် QPR တို့အနက် အနိုင်ရသော အသင်းအား အဝေးကွင်းတွင် သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ စတုတ်ခ်စီးတီး အသင်းမှာမူ ဒါဘီကောင်တီ၏ ကွင်းတွင် သွားကစားရမည် ဖြစ်ပြီး နယူးကာဆယ်လ် ယူနိုက်တက်မှာ ဘရိုက်တန်နှင့် ၀ရက်စ်ဟမ်း တို့အနက် အနိုင်ရသော အသင်းနှင့် အဝေးကွင်းတွင် တွေ့ဆုံရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment