welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Sunday, January 29, 2012

laliga news(soccermyanmar)


မော်ရင်ဟိုအတွက်လက်ဆောင်ပေးခဲ့သည့် ရီရဲအသင်းသားများ
အသင်းမှ ကစားသမား များနှင့် အတွင်းကြိတ် ပြဿနာများ ရှိနေကြောင်း သတင်းများသည် ဟိုဆေး မော်ရင်ဟို၏ လေ့ကျင့်ရေးကွင်း မွေးနေ့ပွဲ ဓာတ်ပုံများနှင့် အတူ လွင့်စင် ပျောက်ကွယ် သွားခဲ့သည်။

မော်ရင်ဟိုနှင့် အခြေအတင် ဖြစ်ခဲ့ကြောင်း သတင်း အချို့က ဖော်ပြခဲ့သည့် အသင်းခေါင်းဆောင် အီကာ ကားဆီးလက်စ်၊ လက်ထောက် အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်တို့က ဦးဆောင်ကာ ပေါ်တူဂီသား နည်းပြ၏ (၄၉)နှစ်ပြည့် မွေးနေ့ကို ဇန်န၀ါရီ (၂၇)ရက်နေ့က ပျော်ပျော်ရွှင်ရွှင် ဖန်တီး ပေးခဲ့ကြသည်။ လေ့ကျင့်ရေး ကွင်းထဲတွင် ရီးယဲလ် ကစားသမားများသည် အသင်း အမှတ် တံဆိပ်နှင့် မော်ရင်ဟို၏ အသက်(၄၉)နှစ်ပြည့် အထိန်းအမှတ် (၄၉)ဂဏန်းတို့ကို ထည့်သွင်း ပုံဖော်ထားသော ကိတ်မုန့်ကို ယူဆောင် လာပေးခဲ့သည်။
ကစားသမား လက်ဆောင်ပေးသည့် မွေးနေ့ကိတ်

မော်ရင်ဟိုသည် ၎င်းမမျှော်လင့်ဘဲ ရရှိသည့် မွေးနေ့လက်ဆောင် အတွက် ပျော်ရွှင်နေဟန် ရှိပြီး ကစားသမားများနှင့် ရယ်ရယ်မောမော နောက်ပြောင် ပြောဆိုနေခဲ့သည်။ ရီးယဲလ် ကစားသမားများသည် စပယ်ရှယ်ဝမ်းဟု တင်စားခံရသူ မော်ရင်ဟိုအား အဆိုပါ မွေးနေ့လက်ဆောင် ပေးမည်ကို ကြိုတင် အသိ မပေးထားခဲ့ချေ။

အသင်းအမှတ်တံဆိပ်နှင့် မော်ရင်ဟို၏ အသက်(၄၉)နှစ်ပြည့် အထိန်းအမှတ် (၄၉)ဂဏန်းတို့ကို ထည့်သွင်းပုံဖော်ထားသော ကိတ်မုန့်ကို ယူဆောင်လာပေးခဲ့...
ဘာစီလိုနာနှင့် အရေးကြီး ပွဲစဉ် ရှိနေသဖြင့် ရီးယဲလ် အသင်းသားများသည် မော်ရင်ဟို၏ မွေးနေ့အပြီး နောက်တစ်ရက်မှသာ ယခု ကိတ်မုန့်ကို လက်ဆောင် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment