welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Monday, January 16, 2012

chelsea transfer news(soccermyanmar)

ကာလ အတန်ကြာ ညှိနှိုင်းမှုများ ပြီးပြတ် သွားသည့်နောက် ဂယ်ရီကာဟေးလ်သည် မိမိတို့ အသင်းပိုင် ကစားသမား ဖြစ်လာပြီဟု ချယ်လ်ဆီးက ကြေညာနိုင်ခဲ့သည်။

ပေါင်စတာလင် (၇)သန်းတန် အပြောင်းအရွှေ့သည် ယခုအခါ ပြီးမြောက်သွားပြီ ဖြစ်ပြီး အင်္ဂလန် လက်ရွေးစင် ခံစစ်မှူးသည် ဘော်လ်တန်အသင်း ဂျာစီကို စွန့်ပယ်ကာ စတမ်းဖို့ဒ်ဘရစ်ဂ်ျ၏ အပြာရောင် ၀တ်စုံကို ဆင်မြန်းခွင့် ရရှိတော့မည် ဖြစ်သည်။ ချယ်လ်ဆီးအတွက် အသက်(၂၆)နှစ်ရှိ ကာဟေးလ်ကို ခေါ်ယူနိုင်မှုသည် ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလအတွင်း ပထမဆုံး အဓိက အားဖြည့် ခေါ်ယူမှု တစ်ခုကို ပြုလုပ် နိုင်ခဲ့ခြင်းလည်း ဖြစ်လာသည်။ သို့သော်လည်း ပေါ်တိုအသင်းမှ ဂျိုအိုမော်တင်ဟိုနှင့် ဂျူဗင်းတပ်စ်မှ မီလို့စ် ကရာဆစ်တို့ကို ချိတ်ဆက်နေမှုသည် မပြီးပြတ်သေးကြောင်း ကလပ် အသင်းနှင့် နီးစပ်သူများက ဆိုသည်။


ကာဟေးလ်သည် ချယ်လ်ဆီးတွင် ကျောနံပါတ် (၂၄)ကို ၀တ်ဆင်မည်ဟု သတင်းများက ဖော်ပြလျက် ရှိသည်။ ၎င်းသည် အသင်းမှ အဲလက်စ် ထွက်ခွာမည့် အခြေအနေတွင် ချယ်လ်ဆီးအတွက် သင့်တော်သော အားဖြည့်မှုလည်း ဖြစ်လာသည်။ ကာဟေးလ်အနေဖြင့် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ထိ တောင်းဆိုခဲ့ခြင်းကြောင့် ချယ်လ်ဆီးနှင့် အပြီးသတ် စာချုပ်ရန် မရေမရာ ဖြစ်ခဲ့သေးသော်လည်း ယခုအခါ တစ်ပတ် ပေါင်စတာလင် (၈၀၀၀၀)မျှဖြင့် နှစ်ဖက် သဘော တူညီမှု ရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။ ကာဟေးလ်သည် ချယ်လ်ဆီးက ဆန်းဒါးလန်းကို အနိုင်ရသော ပရီးမီးယားလိဂ် ပွဲစဉ်ကို လာရောက် အားပေးခဲ့သေးပြီး အသင်းနှင့် ဆေးစစ်မှု အောင်မြင်သည့်နောက် အတည်ပြု စာချုပ် နိုင်ခဲ့ခြင်းဟု သိရှိရသည်။

No comments:

Post a Comment