welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Monday, January 9, 2012

soccermyanmar

ဆော်လမွန် ကာလူးသည် အာဆင်နယ်နှင့် အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးရန် အတွက် လန်ဒန်သို့ ခေတ္တ ပြန်လာခဲ့ကြောင်း သိရှိရသည်။

ချယ်လ်ဆီး အသင်း၏ တိုက်စစ်မှူးသည် အိုင်ဗရီကို့စ် လက်ရွေးစင် အသင်းနှင့် အတူ အာဖရိက ဖလား ပြိုင်ပွဲဝင်ရန် အတွက် ဒူဘိုင်းတွင် လေ့ကျင့်ခန်း ဆင်းလျက်ရှိသည်။ သို့သော်လည်း အာဆင်နယ်သို့ ပေါင်စတာလင် (၃)သန်းတန် အပြောင်းအရွှေ့ အထ မြောက်စေရေး ဆွေးနွေးရန် လက်ရွေးစင် အသင်းထံမှ ခွင့်ပြုချက် တောင်းခံကာ လန်ဒန်သို့ ပြန်လာခြင်း ဖြစ်သည်။ ၎င်းသည် နွေရာသီကတည်းက ချယ်လ်ဆီး အသင်း၏ မြို့ခံပြိုင်ဘက် အာဆင်နယ်ထံ ပြောင်းရွှေ့မည်ဟု သတင်း ကြီးခဲ့သော်လည်း လက်တွေ့ မဖြစ်မြောက်ခဲ့ချေ။

အာဆင်နယ်သို့ ပြောင်းရွှေ့ဖွယ် ရှိနေသည့် ကာလူး

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် စွယ်စုံရ တိုက်စစ်မှူး ကာလူးကို ယခင်ကတည်းက နှစ်သက် သဘောကျခဲ့သူ တစ်ဦးဖြစ်သည်။ ကာလူးသည် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် စာချုပ်သက်တမ်း တိုးရန် ဆွေးနွေးခဲ့သေးသော်လည်း တစ်ပတ်လုပ်ခ ပေါင်စတာလင် (၉၀၀၀၀)ထိ တောင်းဆိုမှုကြောင့် ညှိနှိုင်းမှုများ ပျက်ပြယ်ခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။ အာဆင်နယ်သည် ယင်းအနေအထားတွင် ကာလူးအတွက် တစ်ဆကျော့ပြန် ကြိုးပမ်းလာပြီး တရားဝင် ချဉ်းကပ် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကယ်၍ ကာလူးကို ခေါ်ယူမှု အောင်မြင်ခဲ့ပါက နွေရာသီ အပြောင်းအရွှေ့ ကာလတွင် သီအာရီ အွန်နရီကို တစ်ကျော့ပြန် စာချုပ်မှု အပြီး အာဆင်နယ်၏ ဒုတိယမြောက် အထင်ကရ ကစားသမား ၀ယ်ယူမှုလည်း ဖြစ်လာမည်ဟု သတင်းများက ဖော်ပြသွားသည်။

 

No comments:

Post a Comment