welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Saturday, January 7, 2012

chelsea new (soccermyanmar)

နောက်ထပ် (၄၈)နာရီ အတွင်း ဂယ်ရီ ကာဟေးလ် ချယ်လ်ဆီးသို့ ရောက်ရှိ တော့မည်ဟု ဘော်လ်တန် အသင်း မန်နေဂျာ အိုဝင်ကွိုင်လ်က အတည်ပြု ပြောကြားလိုက်သည်။

ယခုအခါ အသင်း နှစ်ခုကြား ပြောင်းရွှေ့ကြေး သဘော တူညီမှု ရရှိပြီးဖြစ်သလို ကစားသမားနှင့် ချယ်လ်ဆီးကြား ပုဂ္ဂိုလ်ရေး ဆွေးနွေးမှု များသည်လည်း ပြီးပြတ်သလောက် ရှိနေပြီဟု ကွိုင်လ်က ၀န်ခံခဲ့သည်။ ထို့ကြောင့် (၂)ရက်အတွင်း အင်္ဂလန် လက်ရွေးစင် ခံစစ်မှူး အနေနှင့် လန်ဒန် အခြေစိုက် အသင်းကြီး၏ အပြာရောင် ၀တ်စုံကို ဆင်မြန်းခွင့် ရရှိတော့မည် ဖြစ်သည်။ အစောပိုင်းက ကာဟေးလ်သည် ချယ်လ်ဆီးထံမှ တစ်ပတ်လုပ်ခ ပေါင်စတာလင် တစ်သိန်းနှင့် တစ်သိန်း နှစ်သောင်းကြား တောင်းခံခဲ့ သဖြင့် ဆွေးနွေးမှုများ အဆင်မပြေ ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ် ခဲ့သေးသည်။


ကာဟေးလ်သည် ယနေ့တွင် ကစားမည့် FAဖလား တတိယအဆင့် မက္ကာ ဖီးလ်တောင်းနှင့် ပွဲစဉ်တွင် အနားပေး ခံထားရမည် ဖြစ်သည်။ ကွိုင်လ်က “ကာဟေးလ်ဟာ ဒီပွဲ မပါတော့ပါဘူး။ သူ့အနေနဲ့ ချယ်လ်ဆီးကို ချိတ်ဆက် နေတာတွေ ပြီးပြတ်သလောက် ဖြစ်နေပါပြီ။ နောက်တစ်ချက်က ကာဟေးလ် အနေနဲ့ ပွဲတွေ အများကြီး ကစားထား တာကြောင့် အနားပေးဖို့ လိုနေပါတယ်” ဟု ပြောကြားခဲ့သည်။ ၎င်းက ချယ်လ်ဆီးသည် ကာဟေးလ်အား ခေါ်ယူမှုကို (၄၈)နာရီအတွင်း အပြီးသတ်ဖွယ် ရှိနေကြောင်းလည်း ဆိုသည်။ “အားလုံး အဆင်ပြေပြေ ဖြစ်နေပါတယ်။ ချယ်လ်ဆီးနဲ့ ကာဟေးလ်ရဲ့ ကိုယ်စားလှယ် ကြားမှာ နောက်ဆုံးအဆင့် ဆွေးနွေးနေပါပြီ။ နောက်ထပ် (၂)ရက်လောက် အတွင်းမှာ အပြောင်းအရွှေ့ ဖြစ်လာ နိုင်ပါတယ်” ဟု ကွိုင်လ်က ပြောကြားခဲ့သည်။

မန်ချက်စတာ ယူနိုက်တက် ကလည်း ကာဟေးလ်ကို ခေါ်ယူရန် စိတ်ဝင်စား နေသည်ဆိုသော သတင်းများနှင့် ပတ်သက်ပြီးမူ ကွိုင်လ်က “ကျွန်တော်တို့ မန်ယူနဲ့ ဘာဆွေးနွေးမှုမှ မရှိပါဘူး။ ကျွန်တော် ပြောနိုင်တာက ဘော်လ်တန်ဟာ ကာဟေးလ် အတွက် ချယ်လ်ဆီးနဲ့ပဲ သဘော တူညီမှု ရထားတယ် ဆိုတာပါပဲ” ဟု ပြောဆို သွားခဲ့သည်။

No comments:

Post a Comment