welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Monday, January 2, 2012

ဒဏ်ရာပြသာနာများနှင့်ရင်ဆိုင်နေရသည့်ချယ်ဆီး
ချယ်လ်ဆီး အနေဖြင့် အဓိက ကစားသမား အများအပြားကို လက်လွှတ်ရမည့် အနေအထားနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

အသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် ဒဏ်ရာနှင့် ဖျားနာမှုများကြောင့် ပထမ အသင်းသား (၇)ဦးမျှကို လက်လွှတ် ထားရမည့် အခြေအနေမျိုး ဖြစ်နေရသည်။ ချယ်လ်ဆီးသည် နှစ်သစ်ကူး အကြိုနေ့တွင် အိမ်ကွင်း၌ အက်စ်တန် ဗီလာအား အရေး နိမ့်ခဲ့ပြီးနောက် ၀ုလ်ဗ်နှင့် ပွဲစဉ်တွင်လည်း ဒဏ်ရာ ပြဿနာများနှင့် ကြုံနေရခြင်း ဖြစ်သည်။ တိုက်စစ်မှူး ဒန်နီရယ်လ် စတားရစ်ဂ်ျသည် ခြေထောက်ဒဏ်ရာ ရထားပြီး ကြံ့ခိုင်မှုပိုင်း မရေမရာ ဖြစ်နေသည်။ ဒီဒီရာ ဒရော့ဂ်ဘာသည်လည်း ခြေဖ၀ါး ဒဏ်ရာကို ကုသမှု ခံယူ နေရသည်။
ကစားသမားများ၏ ဒဏ်ရာ ပြဿနာများကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည့် ဘိုအာ့စ်

အသင်းခေါင်းဆောင် ဂျွန်တယ်ရီနှင့် ဂိုးသမား ပီတာဆက်ခ်ျတို့သည် တနင်္ဂနွေနေ့က လေ့ကျင့်ခန်း မဆင်း နိုင်ကြသော်လည်း ၀ုလ်ဗ်နှင့် ပွဲတွင် ပါဝင်လာဖွယ် ရှိနေသည်။ အသက်(၂၂)နှစ် အရွယ် ဘယ်ခြမ်း ခံစစ်သမား ရိုင်ယန် ဘာထရန်သည် လတ်တလောတွင် အက်ရှ်လေကိုးလ် နေရာသို့ ၀င်ကစားရဖွယ် ရှိနေသည်။ ကိုးလ်သည် ဗီလာနှင့် ပွဲတွင် ဒဏ်ရာ အနည်းငယ် ရရှိထားသည်။ ဆော်လမန် ကာလူးမှာ ကြွက်သားဒဏ်ရာ ရရှထားပြီး ၀ုလ်ဗ်နှင့်ပွဲကို လွဲဖြစ်ဖွယ် ရှိနေကာ ဖလောရင့် မာလူဒါသည်လည်း အဖျား ဝေဒနာကြောင့် ယင်းပွဲတွင် ပါဝင်ဖြစ်ဖွယ် မရှိချေ။

ချယ်လ်ဆီးတွင် နီကိုလက်စ် အနယ်လ်ကာကို ခရစ္စမတ်ပါတီ တက်ခွင့် မပေးခြင်း အတွက် ကစားသမားများ မကျေမနပ် ဖြစ်နေကြောင်းလည်း သတင်းများက ဆိုသည်။ အနယ်လ်ကာသည် ဇန်န၀ါရီလတွင် တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာသို့ ပြောင်းရွှေ့ရန် စီစဉ် ထားခြင်းကြောင့် ကလပ် အသင်းက ပါတီပွဲ တက်ခွင့် မပေးခဲ့ရာ ချယ်လ်ဆီး ကစားသမား အချို့က မန်နေဂျာ ဘိုအာ့စ်ကို ဖီဆန်ပြီး အနယ်လ်ကာ အတွက် သီးခြား နှုတ်ဆက်ပွဲလေး ပြုလုပ် ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment