QPR အသင်း မန်နေဂျာ ရာထူးကို ဆက်ခံ ရယူပြီးနောက် မာ့ခ်ဟုဂ်ျ၏ ဦးစားပေး ဆောင်ရွက်မှုသည် ခရစ်ဆမ်ဘာကို ခေါ်ယူရန်ပင် ဖြစ်လာခဲ့သည်။
QPR သည် ထုတ်ပယ်လိုက်သော မန်နေဂျာ နေးလ်ဝါးနော့ခ် နေရာတွင် ဘလက်ဘန်းရိုဗာနှင့် မန်ချက်စတာ စီးတီး မန်နေဂျာဟောင်း ဟုဂ်ျကို အင်္ဂါနေ့က အတည်ပြု ခန့်အပ်လိုက်ပြီ ဖြစ်သည်။ Daily Mail သတင်းစာက ဟုဂ်ျသည် QPRနှင့် (၂)နှစ်ခွဲ သက်တမ်းရှိ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း ဖော်ပြခဲ့သည်။ လိုတက်ဖ်ရုဒ်သို့ အတည်ပြု ရောက်ရှိပြီးနောက် ပထမဆုံး ဟုဂ်ျစလုပ်သော ကိစ္စသည် ဘလက်ဘန်းရိုဗာ ခံစစ်မှူး ဆမ်ဘာကို ပေါင်စတာလင် (၇)သန်းဖြင့် ဈေးနှုန်းတိုးမြှင့် ကမ်းလှမ်းမှုပင်ဖြစ်သည်။

မန်နေဂျာဟောင်း ၀ါးနော့ခ် အသက်(၂၇)နှစ်အရွယ် ဗဟို ခံစစ်သမားကို ပေါင်စတာလင် (၅)သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ဘလက်ဘန်းက ငြင်းဆိုထားသည်။ ဟုဂ်ျသည် ဘလက်ဘန်းကို မန်နေဂျာ အဖြစ် ကိုင်တွယ်စဉ် (၂၀၀၇)ခုနှစ်က ဆမ်ဘာကို ဟာသာဘာလင် အသင်းမှ စာချုပ် ခေါ်ယူခဲ့သူ ဖြစ်သည်။ လက်ရှိတွင် ကွန်ဂို လက်ရွေးစင် ဆမ်ဘာကို တော့တင်ဟမ် ဟော့စပါးနှင့် ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်းတို့ကလည်း ချိတ်ဆက်လျက် ရှိနေသည်။ ဟုဂ်ျသည် မန်နေဂျာ အဖြစ် ခန့်အပ်ခြင်း ခံရပြီးနောက် လေ့ကျင့်ရေး ကွင်းသို့ သွားရောက်ခဲ့သလို အထုတ်ပယ်ခံ မန်နေဂျာ ၀ါးနော့ခ်သည်လည်း အံ့အားသင့်ဖွယ်ပင် လေ့ကျင့်ရေး ကွင်းသို့ လာရောက် လည်ပတ်ပြီး ကစားသမားများကို နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

QPR မန်နေဂျာ ရာထူးကို အတည်ပြုလိုက်သည့် ဟုဂ်ျ

No comments:
Post a Comment