မန်ချက်စတာ ယူနိုက်တက်နှင့် စာချုပ်သက်တမ်း တိုးရန် မပြေမလည် ဖြစ်နေသည့် ပေါလ်ပေါ့ဂ်ဘာကို အခြား ပြိုင်ဘက်များထက် လက်ဦးမှု ယူကာ စာချုပ် ခေါ်ယူရန် ချယ်လ်ဆီးက ရည်ရွယ်နေကြောင်း သိရသည်။
ပြင်သစ်၏ သွေးသစ် ကွင်းလယ် ကစားသမားလေး ပေါ့ဂ်ဘာသည် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းနှင့် သက်တမ်းတိုး စာချုပ်ရေး ဆွေးနွေးမှုများ ယခုတိုင် မအောင်မြင်ဘဲ ဖြစ်နေပြီး ရာသီကုန်တွင် အသင်းမှ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖွယ် ရှိနေသည်။ ပေါ့ဂ်ဘာကို ဥရောပ ကလပ်များက ရာသီကုန်ထိ စောင့်ဆိုင်းကာ အပြိုင်ကြိုးပမ်း ချိတ်ဆက်ဖွယ် ရှိနေသော်လည်း ချယ်လ်ဆီးက ဆောင်းရာသီ အပြောင်းအရွှေ့ ကာလအတွင်း ပေါင်စတာလင် (၃)သန်းဖြင့် ကမ်းလှမ်းရန် အသင့် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အာဆင်နယ်၊ မန်ချက်စတာ စီးတီးတို့သည် ရာသီကုန်တွင် ပေါ့ဂ်ဘာကို စာချုပ်ရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ် နေချိန်တွင် ချယ်လ်ဆီးက ဆောင်းရာသီဈေးကွက် ပိတ်ရက်၌ ပေါ့ဂ်ဘာကို ကမ်းလှမ်းရန် စီစဉ် လာခြင်းဟု သိရှိရသည်။ Mirror က မန်ယူ အရန်အသင်းက နယူးကာဆယ်လ် ယူနိုက်တက် အရန် အသင်းကို (၆-၀)ဖြင့် အနိုင်ရသော ပွဲစဉ်တွင် ချယ်လ်ဆီးမှ ကစားသမားသစ် ရှာဖွေရေး အေးဂျင့်များ လာရောက် လေ့လာခဲ့ကြပြီး အဆိုပါ ပွဲစဉ်တွင် မန်ယူ အသင်းခေါင်းဆောင် ဒေးဗစ် ပီထရူဇီနှင့် ပေါ့ဂ်ဘာတို့ ခြေစွမ်း ပြနိုင်ခဲ့သည်။
ဥရောပ ကလပ်များက ရာသီကုန်ထိ စောင့်ဆိုင်းကာ အပြိုင်ကြိုးပမ်း ချိတ်ဆက်ဖွယ် ရှိနေသော်လည်း ချယ်လ်ဆီးက ဆောင်းရာသီ အပြောင်းအရွှေ့ ကာလအတွင်း ပေါင်စတာလင် (၃)သန်းဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေ...
(၂၀၀၉)ခုနှစ်က လက်ဟက်ဗ်မှ မန်ယူသို့ ရောက်ရှိလာခဲ့သော ပေါ့ဂ်ဘာကို ဆက်လက် ထိန်းသိမ်းရန် ခက်ခဲနေကြောင်း အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် ကိုယ်တိုင် ၀န်ခံထားသည်။ ပြင်သစ် အသက်(၁၉)နှစ်အောက် လက်ရွေးစင် ကစားသမားကို အင်တာမီလန်နှင့် ဂျူဗင်းတပ်စ်တို့ကလည်း စိတ်ဝင်စားလျှက် ရှိသည်။

No comments:
Post a Comment