welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Friday, January 6, 2012

အီဗရာ ကိုယ်တိုင်လူမျိုးရေးခွဲခြားမှု အခွေ အင်တာနက်ပေါ်ရောက်ရှိလာ(soccermyanmar)

လူးဝစ် ဆွာရက်ဇ်ကို လူမျိုးရေး ခွဲခြားသူ အဖြစ် စွပ်စွဲခဲ့သော်လည်း ပက်ထရစ် အီဗရာ ကိုယ်တိုင်ကလည်း လူမျိုးရေး ခွဲခြားတတ်သူဟု သတင်းဌာန များက နောက်ကြောင်းပြန် ဖော်ပြခဲ့သည်။

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး၏ ထုတ်ဖော် တိုင်ကြားမှုကြောင့် ယခုအခါ ဆွာရက်ဇ်သည် (၈)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်းကို ခံထားရပြီး ဖြစ်သည်။ သို့သော်လည်း You Tube တွင် လက်ရှိ အချိန်၌ ၀င်ရောက်ကြည့်ရှု နိုင်သည့် ဗီဒီယို မှတ်တမ်းအရ အီဗရာကိုယ်တိုင် နီဂရိုးဆိုသော အသုံးအနှုန်းဖြင့် ပြိုင်ဘက်များကို စော်ကားဖူးကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ (၂၀၀၄)ခုနှစ်က မိုနာကိုတွင် ကစားနေစဉ် ပြင်သစ် လက်ရွေးစင် ခံစစ်မှူးသည် ချယ်လ်ဆီး အသင်းမှ ကစားသမား များကို အဆိုပါ အသုံးအနှုန်းဖြင့် စော်ကားခဲ့သလို Mother F****** ဟူသော ဆဲရေးမှုများပါ ပြုလုပ်ခဲ့ကြောင်း ဗီဒီယိုတွင် တွေ့ရသည်။



ပြင်သစ် ရုပ်မြင်သံကြား ဌာန Canal+ က ထုတ်လွှင့် ပြသသော အဆိုပါ မှတ်တမ်း ဗီဒီယိုတွင် အီဗရာသည် လူမည်း Gangster Rapper များ သုံးနှုန်းသည့် စကားလုံးများကို ရွတ်နေခဲ့သည်။ ဆွာရက်ဇ် လူမျိုးရေး ခွဲခြားမှုဖြင့် အရေးယူ ခံရချိန်တွင် တစ်ချိန်က မိုနာကို အသင်းဖော် တစ်ဦး ရိုက်ကူးခဲ့သော အဆိုပါ ဗီဒီယို ထွက်ပေါ်လာခြင်း ဖြစ်သည်။ အပေါ်ပိုင်း ဗလာ ကျင်းထားသော အီဗရာသည် ဟိုတယ်ခန်း ထဲတွင် ၀ရုန်းသုန်းကား အနေအထားမှ ထလာကာ ချယ်လ်ဆီး ကစားသမားဟောင်း ဂျင်မီဖလွိုက်ဒ် ဟက်ဆယ်လ်ဘိန့်ခ်နှင့် ဖရန့်ခ်လမ်းပတ် တို့ကို ဦးတည် ဆဲရေးခဲ့ခြင်းဟု ဗီဒီယိုတွင် ရေးထိုးထားသည့် Subtitle စာတန်းက ညွှန်ပြနေသည်။ အသက်(၃၀)အရွယ် ရှိပြီဖြစ်သော အီဗရာသည် နောက်(၂)နှစ် အကြာတွင် မန်ယူသို့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သည်။

(၂၀၀၄)ခုနှစ်၊ ချန်ပီယံ လိဂ်တွင် ITV မှ အစီအစဉ် တင်ဆက်သူ ရွန်အက်ကင်ဆန်သည် မိုနာကိုက ချယ်လ်ဆီးအား အိမ်ကွင်းတွင် အနိုင်ရသည့် ပွဲစဉ်အတွင်း ချယ်လ်ဆီး နောက်ခံလူ မာဆယ်လ် ဒက်ဆယ်လီကို လူမျိုးရေး ခွဲခြားသည့် မှတ်ချက်မျိုး ချခဲ့ဖူးသဖြင့် အလုပ် ပြုတ်ခဲ့သည်။


man-u news
မန်ချက်စတာ စီးတီးနှင့် ရင်ဆိုင်ရမည့် ပွဲစဉ်သည် မန်ချက်စတာ ယူနိုက်တက်၏ ရုန်းထမှုများ အတွက် အချိန်အခါသင့် ဖြစ်လာကြောင်း ရိုင်ယန်ဂစ်က ပြောကြားလိုက်သည်။

မန်စီးတီးအား FA ဖလားပြိုင်ပွဲတွင် အနိုင်ယူခြင်းသည် မန်ယူအသင်း လက်ရှိ ကြုံနေရသည့် ရှုံးပွဲဆက်မှုများ အတွက် အကောင်းဆုံး ရုန်းကန် ထလာနိုင်မှု ဖြစ်လိမ့်မည်ဟု ၀ါရင့် ဝေလ တောင်ပံ ကစားသမားကြီးက မှတ်ချက်ပြု ခဲ့သည်။ မန်ယူသည် နောက်ဆုံး ကစားသော ပရီးမီးယားလိဂ် ပွဲစဉ် (၂)ပွဲတွင် (၆)ဂိုးပေးရပြီး ရှုံးနိမ့်ထားသည်။ နောက်ဆုံး ကစားခဲ့သည့် နယူးကာဆယ်လ် ယူနိုက်တက်နှင့် ပွဲတွင်လည်း ဒမ်ဘာဘား၊ ယိုဟန် ကာဘာယီနှင့် မန်ယူ နောက်ခံလူ ဖီးလ်ဂျုံးစ်တို့၏ ကိုယ့်ဂိုးကိုယ် သွင်းမှုများကြောင့် (၃-၀)ဖြင့် အရေးနိမ့် ထားသည်။
မန်ယူအသင်း၏ ၀ါရင့် ကွင်းလယ်လူ ရိုင်ယန်ဂစ်

လက်ရှိအချိန်တွင် အမှတ်ပေး ဇယားကို ဦးဆောင်နေသည့် မန်ချက်စတာ နှစ်သင်းသည် FAဖလား ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့တွင် အစ်တီဟတ်၌ တွေ့ဆုံမည် ဖြစ်သည်။ မန်စီးတီးသည် မန်ယူကို အိုးလ်ထရက်ဖို့ဒ်တွင် (၆-၁)ဖြင့် အနိုင်ယူထားသလို အမှတ်ပေး ဇယားတွင်လည်း (၃)မှတ် အသာဖြင့် ဦးဆောင်နေသည်။ ဂစ်က “ကျွန်တော်တို့ ဒီရာသီမှာ သိပ်ကောင်းတဲ့ သွင်းဂိုး မှတ်တမ်းတွေ ရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့ မှာလည်း ကျွန်တော်တို့ ဂိုးတွေ သွင်းနိုင်မယ်လို့ ယုံကြည်တယ်။ FA ဖလားမှာ မန်စီးတီးနဲ့ ဆုံတာဟာ ပွဲကြီးပွဲကောင်း ဆိုတာ အသေအချာ ပါပဲ။ ကျွန်တော်တို့ရဲ့ လက်ရှိ ရှုံးပွဲဆက်နေမှု တွေကနေ ရုန်းထပြီး မန်စီးတီးကို အနိုင်ယူ နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသွားသည်။

အသက်(၃၈)နှစ် ရှိပြီဖြစ်သော ဂစ်သည် နယူးကာဆယ်လ်နှင့် ပွဲစဉ်တွင် ပွဲချိန်ပြည့် ကစားသွားခဲ့သည်။ ယင်းပွဲနှင့် ပတ်သက်ပြီး ၎င်းက “နယူးကာဆယ်လ် ကိုတော့ ချီးကျူးရပါမယ်။ ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပြီး သူတို့ရဲ့ ကြိုးစား အားထုတ်မှု သိပ်ကောင်းလွန်းတယ်” ဟု မှတ်ချက်ပြုခဲ့သည်။ ထို့အပြင် ကာဘာယီ၏ ပြစ်ဒဏ်ဘောသည် အဆိုပါ ပွဲစဉ်အတွင်း မန်ယူ၏ မျှော်လင့်ချက်ကို အသေသတ် လိုက်သော ဂိုးဖြစ်ကြောင်းလည်း ၎င်းက ၀န်ခံသွားသည်။

No comments:

Post a Comment