welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Monday, January 9, 2012

bercelona news(soccermyanmar)

အများ မျှော်လင့်ပြီး ဖြစ်သည့်အတိုင်း (၂၀၁၁)ခုနှစ်၏ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု (FIFA Ballon d’Or)ကို ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီပင် ဆွတ်ခူး ရရှိသွားသည်။

ဇန်န၀ါရီလ (၉)ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်ခ်ျမြို့တွင် အကောင်းဆုံး ဆုများကို ကြေညာခဲ့ရာ အာဂျင်တီးနား လက်ရွေးစင် မက်ဆီက အကောင်းဆုံးဆုကို ရရှိခဲ့သည်။ ၎င်း၏နောက်တွင် ရီးယဲလ်မက်ဒရစ်နှင့် ပေါ်တူဂီ လက်ရွေးစင် တောင်ပံလူ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဒုတိယ၊ မက်ဆီ၏ ဘာစီလိုနာ အသင်းဖော်နှင့် စပိန်လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင် ဇာဗီဟာနန်ဒက်ဇ်က တတိယ အသီးသီး ရရှိသွားသည်။ မက်ဆီအနေနှင့် ယခုဆုကို (၃)နှစ်ဆက်တိုက် ဆွတ်ခူးရရှိမှုလည်း ဖြစ်လာခဲ့သည်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို (၃)နှစ်ဆက်တိုက် ဆွတ်ခူးခဲ့သည့် မက်ဆီ

မက်ဆီသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဘာစီလိုနာအသင်း ဥရောပ ချန်ပီယံလိဂ်နှင့် စပိန်လာလီဂါ ဆုဖလားတို့ ဆွတ်ခူးရရှိအောင် အဓိက နေရာမှ စွမ်းဆောင်ကူညီပေးခဲ့သူဖြစ်ပြီး ယခုဘောလုံးရာသီအတွင်း FIFAကမ္ဘာ့ကလပ် ချန်ပီယံများ ဆုဖလား ရရှိအောင်လည်း အသင်းကို ဦးဆောင်ကစားနိုင်ခဲ့သည်။ FIFAက ပေးအပ်ချီးမြှင့်သော အခြားဆုများတွင် တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကို ဂျပန်မှ ဟိုမာရီဆာဝါက ရရှိသွားခဲ့သည်။ (၂၀၁၁)ခုနှစ်၏ အကောင်းဆုံး ဂိုးဆုကိုမူ ဘရာဇီးလ် လူငယ် တိုက်စစ်မှူးလေး နေမာ၏ သွင်းဂိုးက ဆွတ်ခူးရရှိနိုင်ခဲ့သည်။

အကောင်းဆုံး နည်းပြဆုကိုလည်း ဘာစီလိုနာ ပဲ့ကိုင်ရှင် ဂျိုးဆက် ဂွာဒီယိုလာကပင် ဆွတ်ခူး ရရှိခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က FIFAဥက္ကဋ္ဌ၏ သီးခြားချီးမြှင့်သော Presidental Awardဆုကို ရရှိခဲ့သည်။ FIFA၏ ထုတ်ပြန် ကြေညာချက်အရ Ballon d’Orဆုရှင် မက်ဆီသည် မဲပေးမှု စုစုပေါင်း၏ (၄၇.၈၈)ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ပထမ နေရာ ရရှိခဲ့ခြင်းဟု သိရသည်။ ရော်နယ်လ်ဒိုမှာ (၂၁.၆)ရာခိုင်နှုန်းနှင့် ဇာဗီမှာ (၉.၂၃)ရာခိုင်နှုန်းသာ အသီးသီး ရရှိခဲ့သည်။

FIFA၏ တစ်နှစ်တာ အကောင်းဆုံး အသင်းဆုကိုလည်း ကြေညာခဲ့ရာ အောက်ပါ (၁၁)ဦးက ရရှိခဲ့သည်။
ဂိုးသမား … အိုင်ကာ ကားဆီးလက်စ် (ရီးယဲလ်မက်ဒရစ်နှင့် စပိန်)

နောက်တန်း … ဒန်နီအဲလ်ဗက်စ် (ဘာစီလိုနာနှင့် ဘရာဇီးလ်)၊ ဂျရတ်ပီကေး (ဘာစီလိုနာနှင့် စပိန်)၊ နီမန်ဂျာဗီဒစ် (မန်ချက်စတာ ယူနိုက်တက်နှင့် ဆာဘီးယား)၊ ဆာဂျီယိုရာမို့စ် (ရီးယဲလ်မက်ဒရစ်နှင့် စပိန်)

အလယ်တန်း … အန်းဒရက်စ် အင်နစ်ယေစတာ (ဘာစီလိုနာနှင့် စပိန်၊ ဇာဘီအလွန်ဆို (ရီးယဲလ်မက်ဒရစ်နှင့် စပိန်)၊ ဇာဗီဟာနန်ဒက်ဇ် (ဘာစီလိုနာနှင့် စပိန်)၊ ခရစ္စတီယာနို ရော်နယ်လ်ဒို (ရီးယဲလ်မက်ဒရစ်နှင့် ပေါ်တူဂီ)

လီယွန်နယ်မက်ဆီ (ဘာစီလိုနာနှင့် အာဂျင်တီးနား)၊ ၀ိန်းရွန်နီ (မန်ချက်စတာ ယူနိုက်တက်နှင့် အင်္ဂလန်)

No comments:

Post a Comment