welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Saturday, November 26, 2011

အားကစားသတင်း

မန်ယူအသင်း နည်းပြ ဖာဂူဆန်သည် ယမန်နေ့ည နယူးကာဆယ် အသင်းနှင့် တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့သည့် အိမ်ကွင်း ပရီးမီးယားလိဂ် ပွဲစဉ်တွင် ပြိုင်ဘက် အသင်းကို ပင်နယ်တီပေးခဲ့သည့် ကွင်းလယ်ဒိုင် မိုက်ဂျုံးစ်၏ ဆုံးဖြတ်ချက် အပေါ် ဒေါသထွက်ခဲ့ကြောင်း သိရသည်။ ယင်းပွဲစဉ်တွင် မန်ယူအသင်းသည် ဒုတိယပိုင်း ၄၉ မိနစ်တွင် ဟာနန်ဒက်ဇ် သွင်းယူသည့် ဂိုးဖြင့် အသာရနေသော်လည်း နယူးကာဆယ် အသင်းမှာ ပင်နယ်တီ ရရှိကာ ယင်းပင်နယ်တီမှတစ်ဆင့် ချေပဂိုး ရရှိခဲ့၍ မန်ယူတို့ အခက်တွေ့ ခဲ့ရသည်။
     နယူးကာဆယ်အသင်း ပင်နယ်တီရသည့် အနေအထားကို ရုပ်သံ အနှေးပြကွက်များအရ သုံးသပ်ရာတွင် မန်ယူ နောက်ခံလူ ဖာဒီနန်မှာ ပြိုင်ဘက် ကွင်းလယ်လူ ဘင်အာဖာထံမှ ဘောလုံးလုခြင်းသာ ဖြစ်သော်လည်း ကွင်းလယ်ဒိုင် မိုက်ဂျုံးစ်သည် စည်းကြပ်ဒိုင်နှင့် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းပင်နယ်တီကို ၁၂ ကိုက် အကွာမှ အကောင်းဆုံး
သွင်းယူခဲ့သည်။ ယင်းနောက် မန်ယူအသင်းသည် ဒုတိယပိုင်းတွင် အနိုင်ဂိုး ရရှိရန်အတွက် နယူးကာဆယ် အသင်းဘက်ကို အပြင်းအထန် ဖိအားပေး ကစားခဲ့သော်လည်း နောက်ဆုံးတွင် သရေရလဒ်ကိုသာ ကျေနပ်ခဲ့ရသည်။
   

ကျန်အသင်းများရလဒ်-
ချဲယ်ဆီး 3-0 ၀ုလ်
ဝက်ဘရွန်း 1-3 စပါး
စတုတ်စီးတီး 3-1ဘလက်ဘန်း
အာဆင်နယ်1-1ဖူဟမ်
နောဝှစ်2-1QPR
ဆန်းဒါလန်း1-2၀ီဂန်
ဘော်တန်0-2အဲဗာတန်
 

No comments:

Post a Comment