welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Tuesday, November 22, 2011

လန်ဒန်မှ ချယ်လ်ဆီအသင်းအကြောင်း

ချယ်လ်ဆီး အသင်း အနေနှင့် မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်ကို ထုတ်ပယ်ပါက စုစုပေါင်း ပေါင်စတာလင် သန်း(၂၀)မျှ လျော်ကြေး ပေးရမည်ဟု သိရှိရသည်။
အသက်(၃၄)နှစ်ရှိ ပေါ်တူဂီသား မန်နေဂျာသည် စတမ်းဖို့ဒ် ဘရစ်ဂ်ျတွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၅၀၀၀၀)ထိ ခံစားခွင့် ရရှိနေပြီး ၎င်း၏ စာချုပ်သည် (၂)နှစ်ခွဲ သက်တမ်း ကျန်ရှိနေသေးသည်။ ချယ်လ်ဆီး အသင်း ပိုင်ရှင် ရုရှား ဘီလျံနာကြီး ရိုမန် အေဗရာ မိုဗစ်ခ်ျသည် လွန်ခဲ့သော (၅)လကမှ ဘိုအာ့စ်ကို ပေါ်တူဂီ ချန်ပီယံ ပေါ်တို အသင်းထံသို့ ပေါင်စတာလင် (၁၃.၃)သန်း လျော်ကြေးပေးပြီး ခေါ်ယူထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းအား လက်ရှိ အချိန်တွင် ထုတ်ပယ်ပါက စုစုပေါင်း ကုန်ကျ စရိတ်သည် ပေါင်စတာလင် (၃၃)သန်းမျှထိ ရှိလာမည်ဟု သိရသည်။ဘိုအာ့စ်သည် ချယ်လ်ဆီးကို ပုံစံကောင်းများ ရရှိအောင် မစွမ်းဆောင် နိုင်ခဲ့ဘဲ ၎င်းကိုင်တွယ်သော အသင်းသည် ပရီးမီးယားလိဂ် နောက်ဆုံး(၄)ပွဲတွင် (၃)ပွဲရှုံးကာ အမှတ်ပေး ဇယား ဦးဆောင်သူ မန်ချက်စတာ စီးတီး၏ (၁၂)မှတ် ဖြတ်ထားခြင်းကို ခံနေရသည်။ ချယ်လ်ဆီး အနေနှင့် လက်ရှိတွင် ဘိုအာ့စ်အပေါ် စိတ်ရှည်နေဆဲ ဖြစ်သော်လည်း (၂၀၀၃)ခုနှစ် နောက်ပိုင်း အေဗရာမိုဗစ်ခ်ျသည် မန်နေဂျာ (၆)ဦးကို ထုတ်ပစ်ခဲ့ဖူးသည်။ ထိုသို့ ထုတ်ပယ်ရာတွင် စာချုပ်သက်တမ်း မည်မျှ ကျန်သည်ကို ဂရုမစိုက်ဘဲ လျော်ကြေးပေးကာ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အေဗရာမိုဗစ်ခ်ျသည် မန်နေဂျာများ အတွက် လျော်ကြေး ပေးရမှုသည် ပေါင်စတာလင် (၆၉)သန်းထိ ရှိနေခဲ့သည်။

ဟိုဆေး မော်ရင်ဟိုကို ထုတ်ပယ်စဉ်က အေဗရာမိုဗစ်ခ်ျသည် ပေါင်စတာလင် (၁၈)သန်း ပေးလျော် ခဲ့ရသလို လူးဝစ်ဖိလစ် စကိုလာရီကို ထုတ်ပယ်စဉ်က ပေါင်စတာလင် (၅)သန်း လျော်ကြေး ပေးခဲ့ရသည်။ ကလော်ဒီယို ရာနေရာရီနှင့် အေဗရမ်ဂရန့်တို့ နှစ်ဦးလုံးသည် စာချုပ်သက်တမ်း (၃)နှစ်ကျန်ချိန်တွင် ထုတ်ပယ် ခံရပြီး ကာလိုအန်ဆလော့တီမှာလည်း စာချုပ်သက်တမ်း နောက်ဆုံး လက်ကျန်နှစ် အတွက် ခံစားခွင့်ကို ယခုထိ ရရှိနေဆဲ ဖြစ်သည်။ ဘိုအာ့စ် အနေနှင့် ယခု သီတင်းပတ်တွင် ဂျာမန်ကလပ် ဘေယာလေဗာကူဆင်နှင့် ကစားရမည့် ချန်ပီယံလိဂ် ပွဲစဉ်အတွင်း ရလဒ်ကောင်းရန် လိုအပ်နေပြီး အမှားအယွင်း ရှိလာပါက အေဗရာမိုဗစ်ခ်ျ၏ သည်းခံမှု အတိုင်းအတာ ပိုမို လျော့ကျလာဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

No comments:

Post a Comment