welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Wednesday, May 2, 2012

soccermyanmar

အင်္ဂလန် အသင်း မန်နေဂျာသစ် ရွိုင်ဟော့ဂ်ဆန်က မိမိ အနေဖြင့် အသင်းအတွက် ရီယိုဖာဒီနန်နှင့် ဂျွန်တယ်ရီတို့ နှစ်ဦးလုံးကို အလိုရှိကြောင်း ပြောကြားခဲ့သည်။
အင်္ဂလန် အသင်း မန်နေဂျာ ရာထူးကို ပူပူနွေးနွေး လက်ခံထားသည့် ဟော့ဂ်ဆန်အတွက် ပထမဆုံး ကိုင်တွယ်ရမည့် ကိစ္စသည် ဗဟိုခံစစ်သမား နှစ်ဦး၏ ပုဂ္ဂိုလ်ရေး တင်းမာမှုကို ကြားဝင်ညှိနှိုင်းရန် ဖြစ်လာသည်။ ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီသည် ဖာဒီနန်၏ ညီဖြစ်သူ အန်တန် ဖာဒီနန်ကို လူမျိုးရေး ခွဲခြားမှု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။ ထိုကိစ္စတွင် ဖာဒီနန်က ညီဖြစ်သူဘက်မှ အပြည့်အ၀ ရပ်တည်ခဲ့သည့်နောက် တယ်ရီနှင့် ၎င်းတို့ကြား တင်းမာမှုများ တည်ရှိနေခဲ့သည်။

ဟော့ဂ်ဆန်က "ကျွန်တော် တယ်ရီရော၊ ဖာဒီနန်နဲ့ပါ ဆက်သွယ်ပြီး စကားပြောပါမယ်။ မျက်နှာချင်းဆိုင် ဆွေးနွေးမှုမျိုး ဖြစ်လာနိုင်ဖို့ မျှော်လင့်ထားတယ်။ ဒီအခြေအနေကို ဘယ်လို ဖြေရှင်းမယ် ဆိုတာကိုလည်း ကျွန်တော်တို့ နည်းလမ်း ရှာရမှာပါ" ဟု ပြောကြားခဲ့သည်။ ၎င်းက "ကျွန်တော် သူတို့ နှစ်ယောက်နဲ့ စကားပြောဖို့ လိုတယ်ဆိုတာက နားလည်မှု လွဲတဲ့ မှတ်ချက်မျိုး မဖြစ်စေချင်ဘူး။ တကယ်တော့ အင်္ဂလန်ရဲ့ စီနီယာ ကစားသမား တော်တော် များများနဲ့ ကျွန်တော် စကားပြောဖို့ လိုအပ် နေတာပါ" ဟုလည်း ဆိုသည်။

ကျွန်တော် တယ်ရီရော၊ ဖာဒီနန်နဲ့ပါ ဆက်သွယ်ပြီး စကားပြောပါမယ်။ မျက်နှာချင်းဆိုင် ဆွေးနွေးမှုမျိုး ဖြစ်လာနိုင်ဖို့ မျှော်လင့်ထားတယ်။ ဒီအခြေအနေကို ဘယ်လို ဖြေရှင်းမယ် ဆိုတာကိုလည်း ကျွန်တော်တို့ နည်းလမ်းရှာရမှာပါ...
ဟော့ဂ်ဆန်သည် ပွဲပယ်ပြစ်ဒဏ် ထိထားသူ တိုက်စစ်မှူး ၀ိန်းရွန်နီကိုလည်း ဥရောပ ဖလား ပြိုင်ပွဲဝင် အသင်းအတွက် ရွေးချယ်ဖွယ်ရှိကြောင်း ဆိုသည်။ ၎င်းသည် အသင်း၏ နည်းပြ အဖွဲ့ အတွက်မူ သီးခြား စဉ်းစား ရဦးမည် ဖြစ်သည်။

No comments:

Post a Comment