မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် ကိုယ်တိုင် သွားရောက် လေ့လာမှုကို ခံခဲ့ ရသည့်နောက် အီဒင်ဟာဇက် အပေါ် အင်္ဂလန် ချန်ပီယံ အသင်း၏ စိတ်ဝင်စားမှုမှာ ပိုမို ထင်ရှားလာသည်။
ဖာဂူဆန်သည် စနေနေ့ ညက အိုလံပစ် လိုင်ယွန်နှင့် ကစားသည့် ပွဲစဉ်တွင် လိုင်လီ အသင်း၏ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ် ဗိသုကာ၏ ခြေစွမ်းကို ကိုယ်တိုင် ကြည့်ရှုခဲ့သည်။ အသက်(၂၁)နှစ်ရှိ ဟာဇက်သည် နွေရာသီတွင် လိုင်လီမှ သေချာပေါက် ထွက်ခွာမည် ဖြစ်ပြီး ၎င်းကို မန်ယူအပြင် ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ ဘာစီလိုနာ၊ ရီးယဲလ် မက်ဒရစ် စသည့် အသင်းများကလည်း စိတ်ဝင်စားလျှက် ရှိနေသည်။ လိုင်လီ အသင်းသည် ဆောင်းရာသီ ဈေးကွက်အတွင်း ဟာဇက်ကို ရောင်းချရန် ငြင်းဆို ခဲ့သော်လည်း ရာသီကုန်တွင် ၎င်းကို ဆက်ထိန်းထားရန် မဖြစ်နိုင်ဟု ၀န်ခံထားပြီး ဖြစ်သည်။

ဖာဂူဆန်သည် ၀က်စ်ဘရွန်းဝစ်ခ်ျနှင့် ပရီးမီးယားလိဂ် ပွဲမကစားမီ တစ်ရက်အလိုတွင် ပြင်သစ်သို့ သွားရောက်ပြီး ဟာဇက်ကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ဟာဇက်က ၎င်းသည် ပွဲကြည့်စင်တွင် ဖာဂူဆန် ရှိနေခဲ့သည်ကို လုံးဝ မသိခဲ့ဟု ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားသွားသည်။ “သူအဲဒီမှာ ရှိနေတာ ကျွန်တော် မသိပါဘူး။ ခုချိန်မှာတော့ သူလည်း ပင်ပန်း နေရော့မယ်” ဟု ဟာဇက်က ဆိုသည်။ အဆိုပါ ပွဲစဉ်တွင် လိုင်ယွန် အသင်းက ပြင်သစ် လက်ရှိ ချန်ပီယံ အသင်းကို (၂-၁)ဖြင့် အနိုင် ရရှိ သွားခဲ့သည်။

အသင်းကြီးများမှ စိတ်ဝင်စားနေသည့် ဟာဇက်

အသက်(၂၁)နှစ်ရှိ ဟာဇက်သည် နွေရာသီတွင် လိုင်လီမှ သေချာပေါက် ထွက်ခွာမည် ဖြစ်ပြီး ၎င်းကို မန်ယူအပြင် ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်စသည့် အသင်းများကလည်း စိတ်ဝင်စား...
No comments:
Post a Comment